ရာသီဥတုနဲ့ အဝတ်အစားအဝတ်အစား ဆိုတာ ရာသီဥတု ဒဏ်က ကာကွယ်ဖို့၊ လူ့ ယဉ်ကျေးမှုနဲ့ အလှအပ အတွက် သာမကပါဘူး။ ကျန်းမာရေး အတွက် လည်း မရှိမဖြစ် အရေးကြီး လှပါတယ်။ ဒါပေမယ့် အဝတ်အစား ဆိုတာ သူ့ရာသီဥတုနဲ့ အညီ ဝတ်စား တတ်ဖို့တော့ လိုတာ ပေါ့နော်။ ဒါ့ကြောင့် ဘယ်ရာသီမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ရှိတတ်လို့ ဘယ်လို အဝတ်အစားလေး တွေ ဝတ်စား ဆင်ယင် သင့်တယ် ဆိုတာကို ပုံလေးတွေနဲ့ တကွ ဖော်ပြပေး လိုက်ပါတယ်။
နွေရာသီ
နွေရာသီလို ပူပြင်းတဲ့ ရာသီ ဥတုမှာ တော့ ညှင်းပေါက် တတ်တယ် နော်။ ပြီးတော့ ဒီလို ရာသီဥတုမှာ ချွေးဒီဒီ ကျအောင် ပူတာနော်။ ဒီတော့ ချည်ထည် ပွပွချောင် ချောင်လေး တွေ ဝတ်သင့် ပါတယ်။ ပြီးတော့ ဖြစ်နိုင်ရင် အင်္ကျီ လက်ရှည် ပွပွလေးတွေ ဝတ်သင့်တယ်။ ဒါဆို ရင် Sun Screen တောင် လိမ်းစရာ မလိုပါဘူး။ ရှောင်သင့် တာကတော့ အင်္ကျီ ကျပ်ကျပ် တွေနဲ့ အရောင် ရင့်နဲ့ အနက် ရောင် အင်္ကျီ တွေပါ။ အင်္ကျီ ကျပ်ကျပ် တွေဝတ်ရင် ချွေးတွေနဲ့ စိုလို့ အသား နဲ့ကပ်ပြီး ညှင်းရှိရင် ပိုဆိုး စေပါတယ်။ အရောင် ရင့်ရင့်နဲ့ အနက်ရောင် က တော့ ချွေးစုပ် တတ်ပြီး မြင်ရတဲ့သူ တွေကိုလည်း စိတ်အိုက် စေလို့ပါ။
မိုးရာသီ
မိုးရာသီမှာ တော့ မိုးတွေက အဆက် မပြတ်ရွာ သလို လေထု ကလည်း စိုထိုင်း ဆများ နေပါတယ်။ ပြီးတော့ ဒီလိုရာသီမှာ ပွေးနဲ့မှိုပိုး တွေ ဖြစ်ပွား တတ်ပါတယ်။ မိုးရာသီမှာ တော့ မတော်တဆ မိုးစိုသွားရင် ခြောက်လွယ် မယ့် အဝတ်အစားလေး တွေပဲ ဝတ်သင့်ပါတယ်။ ရေစိုရင် မခြောက်နိုင်တဲ့ ဂျင်း သားလို အဝတ်အထည် တွေကို တော့ ရှောင်သင့်ပါတယ် ပြီး တော့  ဘောင်းဘီ အရှည်ကြီးတွေ၊ ထမီ အရှည်ကြီး တွေ မဝတ်သင့်ပါဘူး။ ဒီမှိုပိုးနဲ့ ပွေးဖြစ်ပွားနေ တဲ့အချိန်မှာ အင်္ကျီ၊ ဘောင်းဘီ ကျပ်ကျပ် မဝတ် သင့်ပါဘူး။ အထူးသဖြင့် အတွင်းခံ ဘောင်းဘီတွေပေါ့။ ပြီးတော့ အမျိုးသား တွေ အနေနဲ့ အတွင်းခံ ဘောင်းဘီ ကျပ်ကျပ်တွေ မဝတ်သင့်ပါဘူး။
ဆောင်းရာသီ
ဆောင်းရာသီ မှာတော့ အေးမြပြီး အသားအရေ တွေ ခြောက်ကာ ယားယံတတ်ပါတယ်။ ဒီလို ချမ်းအေး လှတဲ့ ရာသီမှာ နွေးနွေး ထွေးထွေးလေး ဝတ်ဆင်ဖို့ပါပဲ။ အသားယား တတ်တဲ့သူ ဆိုရင်တော့ အနွေးထည် ဖြစ်ပေမယ့် သိုးမွှေးအင်္ကျီ တွေနဲ့ နိုင်လွန် အင်္ကျီတွေကို ရှောင်ရှား သင့်ပါတယ်။
အိ
Health Digest