လူကြီးမင်း ဖုန်းဆိုင်မှ Samsung Galaxy Mini အား ငွေကျပ် ၅၀ဝ၀ိ/- ဖြင့် ရောင်းချ ပေးမည့် အထူးအစီ အစဉ် ရန်ကုန်မြို့တွင် ပျက်သွား ရခြင်းနှင့် ပတ်သက် သည့် စာနယ် ဇင်းရှင်းလင်းပွဲကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် Parkroyal Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ရာ လူကြီးမင်း ဖုန်းအရောင်းဆိုင်မှ Managing Director ကိုရန်နိုင်စိုးမြင့်က
" ကျွန်တော်တို့က အခုအစီအစဉ် ကို စိတ်မကောင်းစွာနဲ့ ဖျက်သိမ်း လိုက်ရတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က တိုကင်ကို ဝေပေး ပါတယ်။ တိုကင်ဝေပေးတဲ့အခါမှာ လာရောက် အားပေးတဲ့ Customer အချို့က ဝေပေးနေတဲ့ သူတွေ ဆီကနေ တိုကင်ကို လုပါတယ်။ အဲဒီနောက်မှာတော့ Customer အချင်းချင်း ထိခိုက်မိတာ၊ ပစ္စည်း ပျောက်တာတွေပါ ဖြစ်လာပါ တယ်။ အဲ့တာကြောင့် နောက်ပိုင်း မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မံဖြစ်ပေါ်လာမှာ စိုးတဲ့အတွက် အစီအစဉ်ကို ရပ်လိုက်တာပါ" ဟု ပြောကြားခဲ့သည်။
" ၃.၁၁.၂၀၁၂ မှာ လာ ရောက်အားပေးတဲ့ Customer တွေ ကို အထူးလည်း ကျေးဇူးတင်ရှိပါ တယ်။ ရန်ကုန်ကဆိုင်တွေမှာ မပေးတာ မဟုတ်ပါ ဘူး။ ပေးဖို့ တော်တော်လေးကို ခက်ခဲသွားလို့ အစီအစဉ် ပျက်သွားရတာပါ။ အဲ့ ဒီနေ့မှာပဲ လူကြီးမင်း (တောင်ကြီး)၊ လူကြီးမင်း (ပျဉ်းမနား)၊ လူကြီးမင်း (သပြေကုန်း)ဆိုင်ခွဲတွေမှာတော့ Galaxy Mini ကို တစ်ဆိုင်ကို ၁၀ လုံးစီ ငါးထောင်ကျပ်နဲ့ ရောင်းပေး ခဲ့ပါတယ်။ ဒါ့ကြောင့် ရန်ကုန်မှာ အစီ အစဉ် ပျက်သွားတာက ကျွန်တော် တို့ရဲ့ Management ပိုင်း အားနည်း သွားတယ်၊ ညံ့ဖျင်းသွားတယ်လို့ ဝန်ခံပါတယ်။ ၁ သိန်းတန်ကို ငါး ထောင်ကျပ်နဲ့ ရောင်းပေးတာက တော့ Customer တွေကိုစေတနာ ထားတာပါ"ဟု ကိုရန်နိုင်စိုးမြင့် က ပြောကြားခဲ့သည်။ ရောင်းချပေးရန် ကျန်ရှိနေ သေးသောGalaxy Mini အလုံး ၈၀ ကိုလည်း ယခုလို တိုကင်ဝေတဲ့ ပုံစံမျိုး မဟုတ်ဘဲ အခြားနည်း လမ်းကောင်းတစ်ခုခုဖြင့် ပြန်ပေး မည်ဟု သိရှိရသည်။ ထို့အပြင် ရန်ကုန်ရှိ လူကြီး မင်းဖုန်းဆိုင်များကိုလည်း တစ်ပတ် ခန့် ယာယီပိတ်ထားမည်ဖြစ်ပြီး ဆိုင်ပြန်ဖွင့်သည့်အချိန်တွင် ပိုပြီး ချိုသာသောဈေးနှုန်း၊ ပိုပြီးကောင်း မွန်သော ဝန်ဆောင်မှုများဖြင့် အသစ်တဖန် ပြန်လည်ကြိုးစား သွားမည် ဖြစ်ကြောင်း သိရှိရပါ သည်။ ပြည့်ဖြိုး
0 Comments